BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

တာရီယာကီ ဆယ်မွန်ငါးကင်နှင့် စပါဂတ်တီ (Healthy)

ဂျပန်စတိုင် တာရီယာကီဆော့ဖြင့် ဆယ်မွန်ငါးကင် လုပ်နည်းလေးပါ။ တာရီယာကီဆော့ နဲ့ ဆယ်မွန်ငါးကို အရင်နုပ်ထားပြီမှ ကင်ထားတာမို့ အရသာထူးခြားကောင်းမွန်စေမှာပါ။

Healthy Point: ထို့ပြင် ဆယ်မွန်ငါးမှာ ပါဝင်တဲ့ Omega3 ဓာတ်ကဆိုရင် Cholesterol များသူတွေ၊ အလွန်မှ သင့်တော်ပါတယ်။ ဆီချိုရောဂါရှိသူများအတွက် သံလွင်ဆီက အကောင်းဆုံးမို့၊ ဆယ်မွန်ငါးကင်တဲ့အခါတွင် သံလွင်ဆီကို အထူး အသုံးပြုပေးထားတာပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆယ်မွန်ငါး - ၃၀၀ ဂရမ် (အသားလွှာပြီသား)
  • ဆား - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • စပါဂ်တီ ခေါက်ဆွဲ - ၁၀၀ ဂရမ်

တာရီယာကီဆော့တွင် ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆန်ဝိုင်အချို – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (ခပ်ညက်ညက်ထောင်းပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း တ၀က်

ဆယ်မွန် ငါးကင် ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဆယ်မွန်ငါးကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်စီ ဖြူးပေးပါ။

၂။ ပြီးလျှင် ဇောက်ပန်းကန်လုံးထဲတွင် တာရီယာကီဆော့ရည် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ကြက်သွန်ဖြူ၊ ဆီ) တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၃။ ပြီးမှ ဆယ်မွန်ကို တာရီယာကီဆော့ရည် ခွက်ထဲသို့ နှစ်စိမ်ပေးပြီ မိနစ် ၂၀ခန့် နုပ်ထားပေးရမှာပါ။

၎။ ထို့နောက် ဒယ်ပြား Non-stick pan ကို အပူပေးပြီ ပူလာလျှင် ဆယ်မွန်ငါးထည့်၊ တာရီယာကီ ဆော့ရည်များ ထည့်ပြီးအဖုံးအုပ်ကာ တစ်ဖက် ၂မိနစ်နှုန်းဖြင့် ၄မိနစ်ခန့် မီးအတင့်သင့်ဖြင့် တည်ထားရမှာပါ။

၅။ တာရီယာကီ ဆယ်မွန်ငါးကင်များ ရပြီဆိုလျှင် စပါဂ်တီ ခေါက်ဆွဲ ချက်ပါမယ်။

စပါဂ်တီ ခေါက်ဆွဲချက်နည်း

၁။ ဒယ်အိုးတစ်ခုထဲ ရေ(၂လီတာ) ထည့်ကာ ဆူအောင် တည်ထားပါ။

၂။ ပြီးနောက် ရေဆူလာလျှင် သံလွင်ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ စပါဂ်တီခေါက်ဆွဲများကို ၁၀မိနစ်မှ ၁၅မိနစ် ထိ ကျက်သည်အထိ ပြုတ်ပေးပါ။

၃။ စပါဂ်တီခေါက်ဆွဲ ကျက်လျှင် ရေအေးပြန်စိမ် ပေးပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။

ဆယ်မွန် ငါးကင် ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဆယ်မွန်ငါးကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်စီ ဖြူးပေးပါ။

၂။ ပြီလျှင် ဇောက်ပန်းကန်လုံးထဲတွင် တာရီယာကီဆော့ရည် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ကြက်သွန်ဖြူ၊ ဆီ) တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၃။ ပြီးမှ ဆယ်မွန်ကို တာရီယာကီဆော့ရည် ခွက်ထဲသို့ နှစ်စိမ်ပေးပြီ မိနစ် ၂၀ခန့် နုပ်ထားပေးရမှာပါ။

၎။ ထို့နောက် ဒယ်ပြား Non-stick pan ကို အပူပေးပြီ ပူလာလျှင် ဆယ်မွန်ငါးထည့်၊ တာရီယာကီ ဆော့ရည်များ ထည့်ပြီ အဖုံးအုပ်ကာ တစ်ဖက် ၂မိနစ်နှုန်းဖြင့် ၄မိနစ်ခန့် မီးအတင့်သင့်ဖြင့် တည်ထားရမှာပါ။

၅။ တာရီယာကီ ဆယ်မွန်ငါးကင်များ ရပြီဆိုလျှင် စပါဂ်တီ ခေါက်ဆွဲ နှင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Sunny

He was born in Yangon, the

...see more

Ingredients

Healthy

Chef Sunny's recipes