BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

အာလူးကတ်တလစ်

ပါဝင်ပစ္စည်းများ

(၁)အာလူး – ၁၀လုံး
(၂)ကြက်သား – ၅ကျပ်သား
(၃)ကြက်သွန်နီ – ၁လုံး
(၄)မုန်လာဥနီ – အနည်းငယ်
(၅)နို့ဆီ – ၂ဇွန်း(လ္ဘက်ရည်ဇွန်း)
(၆)မရောနိစ် – ၃ဇွန်း(ထမင်းစားဇွန်း)
(၇)မုန့်ကြွပ် – ၈၀၀ဂရမ်
(၈)တန်ပူရာမှုန့် – အနည်းငယ်
(၉)ဆီ – ၃၀သား

ပြုလုပ်နည်း
– ရှေးဦးစွာအာလူးများကိုပြုတ်ပြီး အခွံနွှာ၍ထောင်းထားပါ။
– ကြက်သွန်နှင့်မုန်လာဥနီတို့ကိုလှီးထားပါ။
– ဆီအနည်းငယ်ဖြင့်ကြက်သွန်နှင့်ကြက်သားတို့ကို ကြော်ပါ။
– ကြော်ထားသည်များကိုအာလူး၊ တန်ပူရာမှုန့်တို့နှင့်နယ်ပြီးအနေတော်အလုံးလေးများပြုလုပ်ပါ။
– အာလူးလုံးလေးများကိုမုန့်ကြွပ်မှုန့်များကပ်၍ကြော်ပါ။
– တို့စားရန်အတွက်မရောနိစ်၊မုန်လာဥနီ၊နို့ဆီတို့ကို ရောနယ်လိုက်ပါ။
– အာလူးကတ်တလစ်ကြော်လေး ရပါပြီ။

I Love Myanmar

Chef 's recipes