BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

ကြက်ရင်ဗုံချိစ် အစာသွပ် နှင့် မှို၊ အရွက်စုံသုပ်

ပါဝင်သောပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၁ခု
  • ချိစ် – ၁ပြား
  • ငရုတ်သီးမှုန့်(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံ ၁ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • Thyme (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် တမျိုး) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ကြက်ရင်ဗုံသားကို အလယ်မှ ဓားဖြင့် အသာဖောက်လှီးပေးပါ။

၂။ ပြီးလျှင် ချိစ်ပြားကို ၃ပိုင်ပိုင်းပြီး  ကြက်ရင်ဗုံထဲ အစာသွပ်ပေးလိုက်ပါ။

၃။ ထို့နောက် အစာသွပ်ထားသော ကြက်ရင်ဗုံကို ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီအနည်းငယ် ထည့်ရောနယ်ပေးပါ။ ပြီးမှ Thyme ကိုအပေါ်မှ ဖြူးပေးပါ။

၎။ ဒယ်ပြား (Non-stick pan) ထဲ နုယ်ထားသော ကြက်ရင်ဗုံကို ထည့်ပြီး မီးနည်းနည်းဖြင့် ညှပ်ဖြင့် အပေါ်အောက်လှန်ပြီး အရောင်ရသည်အထိ ကင်ပေးပါ။

၅။ ပြီးမှ ကင်ထားသော ကြက်ရင်ဗုံကို Oven ဖြင့် ၂၀၀ဒီဂရီဖြင့် ၁၅မိနစ်ခန့် ထပ်ကင်ပေးပါ။

၆။ ကင်ထားသော ကြက်ရင်ဗုံကို ဓားဖြင့်လှီးအရှည်လိုက် လှီးပေးပါ။

၇။ ကြက်ရင်ဗုံ ချိစ် အစာသွပ်ကို မှိုခရင်မ်ဆော့၊ အရွက်စုံသုပ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

မှိုခရင်မ်ဆော့တွင် ပါဝင်ပစ္စည်များ

  • ကောက်ရိုး မှို – ၂၀ ကျပ်သား (ပါးပါးလှီးထားပါ)
  • ထောပတ် (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ခရင်(မ်) – ၁၀၀ မီလီလီတာ (cooking cream ကို Supermarket တွင် မေးဝယ်နိုင်သည်)
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးရန်)

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲ ထောပတ်(သို့) သံလွင်ဆီ ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပြီ ဂျုံမှုန့်များ ထည့်ြ့ပီ roux ရအောင် ၁မိနစ်ခန့် အဆက်မပြတ် ရောမွှေပေးပါ။

၂။ ပြီမှ ကောက်ရိုးမှို ထည့်ပေးပြီ ဆား ထည့်ပါ။

၃။ ဆူလာလျှင် ခရင်မ်ထည့်ကာ သမအောင်ရောမွှေကာ နည်းနည်းပျစ်သွားအောင် ထပ်တည်ပါ။

၎။ အရသာ အနေတော်လျှင် အပေါ်မှ ငရုတ်ကောင်းမှုန့် နှင့် တရုတ်နံနံများ ဖြူးပေးပြီ မီးပိတ်လိုက်ပါ။

၅။ မှို ခရင်(မ်)ဆော့ ကို ရရှိပါပြီ… 

 

Wutyee

My name is Cho Wut Yee. I a

...see more

Ingredients

Healthy

Chef Wutyee's recipes