BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

ပြောင်းဖူးပန်ကိတ်

နေ့လည်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ သက်သက်လွတ် ပြောင်းဖူး ပန်ကိတ် လုပ်နည်းလေးပါ။ ဒီဟင်းလျာကလည်း လုပ်ရလည်းလွယ်ပြီ စားလို့လည်း အရမ်းကောင်းပါတယ်။
Healthy Point: ဒီဟင်းလျာမှာ အဓိက ဖြစ်တဲ့ ပြောင်းဖူးမှာ သကြားဓာတ်ပါဝင်တာမို့ မျက်စိအားကောင်းခြင်း နှင့် အစာခြေဖျက်ဖို့ ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး – ၃ဖူး (ပြောင်းဖူး ကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပြီ အစေ့ခြွေထားပါ)
  • ကြက်ဥ – ၁လုံး ( ခလောက်ထားပေးပါ)
  • ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးထားပေးပါ)
  • ဂျုံမှုန့် – ၁၀၀ ဂရမ်
  • နွားနို့ – စားပွတင်ဇွန်း ၂ဇွန်း
  • ရေ – ၁၀၀ မီလီလီတာ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲတွင် ဂျုံမှုန့်၊ ဆား၊ သကြား တို့ကို သမအောင် ရောမွှေပေးပါ။

၂။ ပြီမှ ကြက်ဥ၊ နွားနို့၊ ရေတို့ကို ထည့်ပြီ သမအောင် ခပ်နာနာလေး ရောမွှေပါ။

၃။ ပြီလျှင် ပြောင်းဖူး၊ ကြက်သွန်နီများထည့်ပြီ ၂လက်မအရွယ် ပြောင်းဖူး ပန်ကိတ် အ၀ိုင်းများ ပြုလုပ်ပေးပါ။

၎။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ပြောင်းဖူးပန်ကိတ်များကို ရွှေညိုရောင်သန်းသည်အထိ မီးအတင့်သင့်ဖြင့် ကြော်ပေးပါ။

၅။ အရသာရှိသော ပြောင်းဖူးပန်ကိတ်ကို အရသာရှိစွာသုံးဆောင်နိုင်ပါပြီ… 

Sunny

He was born in Yangon, the

...see more

Ingredients

5-minute Meals

Chef Sunny's recipes