BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

အီတလီလျှံ Minestrone ဟင်းချို

အီတလီလျှံစတိုင် Minestrone လို့ခေါ်တဲ့ အရည်ခပ်ပျစ်ပျစ်နဲ့ ဟင်းချို ချက်နည်းလေးပါ။ များသောအားဖြင့် ဟင်းချိုထဲကို ပါစတာ၊ မုန်လာဥနီ၊ ပဲ၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ တို့ ထည့်ပြီ ချက်ကြပါတယ်။ တချို့လည်း ချိစ်၊ အသားထည့်ပြီ သုံးဆောင်ကြတာလည်း ရှိပါတယ်။ အရသာကလည်း ချဉ်ချိုလေးနဲ့ တကယ်ကို ကောင်းမွန်တဲ့ ဟင်းချို တစ်မျိုးဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • ပါစတာ – ၁ခွက်စာ
  • မုန်လာဥနီ – ဥကြီး ၁ဥ (အတုံးလတ်များ တုံးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးများ တုံးပါ)
  • ဘိုစားပဲ – ၆တောင့် (အနေတော်အရွယ် ပိုင်းဖြတ်ပါ)
  • Red kiney bean – စည်သွပ်ဘူး ၁ဘူး
  • ခရမ်းချဉ်သီးအနှစ် – စည်သွပ်ဘူး ၁ဘူး (ဘူးသေး)
  • ကြက်ပြုတ်ရည် – ခွက်၃ခွက်
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
  • Oregano – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ချိစ်(Parmesan) – စားပွဲတင်ဇွန်း ၃ဇွန်း (ခြစ်တံဖြင့် ခြစ်ပေးထားပါ
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ပါစတာကို အညွှန်းအတိုင်း ၈မိနစ်မှ- ၁၂မိနစ် ထိ ကျက်အောင် ပြုတ်ပေးပါ။

၂။ ပါစတာပြုတ်ထားစဉ် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၃။ ပြီလျှင် ပါစတာများကို ဇကာဖြင့် ပြန်ရေစစ်ထားပေးပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ သံလွင်ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၂မိနစ်ခန့် ဆီသပ်ပါ။

၂။ ထို့နောက် ငရုတ်သီး(အရောင်မှုန့်) ထည့်ပြီ မိနစ်ဝက်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ မုန်လာဥနီ၊ ဘိုစားပဲ၊ တို့ထည့်ပြီ ၁-၂မိနစ်ခန့် ရောမွှေပါ။

၎။ ပြီလျှင် ကြက်ပြုတ်ရည်၊ ခရမ်းချဉ်သီးအနှစ်၊ ရေ(၂ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။

၅။ ဆူလာလျှင် Red kidney bean ပဲနီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ Oregano တို့ကို ထည့်ပေးပြီ  မီးနည်းနည်းဖြင့် မိနစ် ၂၀ခန့် တည်ထားပေးပါ။

၆။ အရသာအပေါ့အငံ့ အနေတော်လျှင် ပါစတာ၊ တရုတ်နံနံ၊ ချိစ် တို့ကို ထည့်ပြီ အရသာရှိစွာဖြင့် သုံးဆောင်နိုင်ပါပြီ…

Wutyee

My name is Cho Wut Yee. I a

...see more

Ingredients

Healthy

Chef Wutyee's recipes