BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

ပါစတာ နှင့် ချိစ်၊ ကြက်အူချောင်း၊ သီးရွက်စုံသုပ်

အချိန်တိုတွင်းမှာ လုပ်စားနိုင်သည့် ပါစတာနှင့် ကြက်အူချောင်း၊ သီးရွက်စုံသုပ်ပါ။ ပါစတာကို ချိစ်၊ ကြက်အူချောင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီးပွစိမ်း အစုံအလင်ဖြင့် ရောသုပ်ထားတာပါ။ အရသာလည်း အရမ်းကောင်းမွန်တာမို့ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ပါစတာ – ၄၀၀ ဂရမ်
  • ကြက်အူချောင်း – ၃ချောင်း (အစောင်းလှီးပြီ ကျက်အောင် ဆီဖြင့် ကြော်ထားပေးပါ)
  • ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ် အတုံးလတ်များတုံးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် အတုံးလတ်များ တုံးပါပါ)
  • ချိစ် – စားပွဲတင်ဇွန်း ၄ဇွန်း (အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၈ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • Thyme – လက်ဖက်ရည်ဇွန်း တ၀က် (အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်)
  • Yellow Mustard – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ပြင်ဆင်နည်း

၁။ ပါစတာကို ပြုတ်ရန် အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ကာ ဆူအောင် တည်ထားပါ။

၂။ ပြီမှ ရေနွေးဆူလာလျှင် ပါစတာများကို ထည့်ကာ မီးအသင့်တင့်ဖြင့် ၈-၁၀မိနစ်ခန့် ကျက်အောင် ပြုတ်ပေးပါ။

၃။ ပြုတ်ပြီလျှင် ရေပြန်စိမ်၍ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

သုပ်နည်း

၁။ ပါစတာရပြီဆိုလျှင် ခွက်တစ်ခုထဲ (ပါစတာ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးပွစိမ်း၊ ကြက်အူချောင်း၊ ချိစ်၊ Mustard၊ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ရှာလကာရှည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ Thyme) တို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ အရသာရှိသော ပါစတာ နှင့် ကြက်အူချောင်း၊ သီးရွက်စုံသုပ်ကို  မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ… 

Wutyee

My name is Cho Wut Yee. I a

...see more

Ingredients

5-minute Meals

Chef Wutyee's recipes