BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

ဝက်နံရိုးကင် နှင့် ကြက်ဥသီးရွက်စုံလိပ် ထမင်းဘူး

သားသားမီးမီးတို့အတွက် အာဟာရလည်းရှိ စားလို့လည်းကောင်းမယ့် ၀က်နံရိုးကင် နှင့် ကြက်ဥ သီးရွက်စုံလိပ်ကြော် ထမင်းဘူးလေးပါ။ အရင်ဆုံး ၀က်နံရိုးကို အရသာနယ်ပြီ ချိုစိမ့်အောင် ကင်ထားတာပါ။ ထို့ပြင် ၀က်နံရိုးကင်နဲ့ တွဲဖက်သုံးဆောင်ဖို့ ပဲပင်ပေါက်သုပ်လေးရယ်၊ ကြက်ဥလိပ်ကြော်တွေကို ရွေးချယ်ပေးထားပါတယ်။ သားသားမီးမီးတို့အတွက် ထမင်းဘူးလေး ပြင်ကြည့်ရအောင်…

ထမင်းဘူးတွင် ပါဝင်ပစ္စည်းများ

  • ချက်ပြီသားထမင်း          – ၂ယောက်စာ
  • ရေညိုရွက်                    – ၁ရွက် (ပါးပါးလှီးထားပေးပါ)

ဝက်နံရိုးကင်တွင် ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး                        – ၂၅၀ ဂရမ် (၁လက်မခွဲအရွယ် အပိုင်းလေးများ ပိုင်းထားပေးပါ)
  • ပဲငံပြာရည်(အချို)          – စားပွဲတင်ဇွန်း တ၀က်
  • သကြား                         – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား                             – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆန်ဝိုင်                                     – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ                          – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ                 – ၃မွှာ (ညက်အောင် ထောင်းထားပါ)
  • ဂျင်း                              – လက်တဆစ် (ညက်အောင် ထောင်းထားပါ)

ကြက်ဥ သီးရွက်စုံလိပ်တွင် ပါဝင်ပစ္စည်းများ

  • ကြက်ဥ                                     – ၃လုံး (ခလောက်ထားပါ)
  • မုန်လာဥနီ                     – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်နီ                   – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ်              – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • နွားနို့                             – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား                             – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့်           – လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ

ပဲပင်ပေါက်သုပ်တွင် ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက်                    – ၅ကျပ်သား (ရေစင်အောင် ဆေးပေးထားပါ)
  • ကြက်သွန်နီ(ဥသေး)      – ၂လုံး (ပါးပါးလှီးပါ)
  • မြေပဲ                            – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပါ)
  • ဆား                             – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • အသားမှုန့်                     – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၁ဇွန်း

ဝက်နံရိုးကင်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်ထဲတွင် (၀က်နံရိုး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ဆန်ဝိုင်၊ နှမ်းဆီ) တို့ဖြင့် သမအောင် ရောနယ်ပေးပြီ အနည်းဆုံး ၄နာရီ (သို့) တညသိပ် ရေခဲသေတ္တာ (အောက်ထပ်) တွင် နုပ်ထားပေးပါ။

၂။ ပြီနောက် ၀က်နံရိုးများ Oven ထဲသို့ ထည့်ပြီ ၁၈၀ ဒီဂရီဖြင့် တဖက်ကို ၁၅ မိနစ်နှုန်းဖြင့် နာရီဝက် ကျက်သည်အထိ ကင်ပေးပါ။

၃။ အရသာ ချိုစိမ့်သော ၀က်နံရိုးကင်ရပြီဆိုလျှင် ကြက်ဥလိပ်ပြုလုပ်ပါမည်။

ကြက်ဥ သီးရွက်စုံလိပ် ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ ကြက်ဥ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နွားနို့၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့််များကို ရောပြီ ခလောက်ထားပါ။

၂။ ဒယ်အိုးထဲ ဆီ(စားပွဲတင်ဇွန်း တ၀က်) ထည့်ပြီ ဆီပူလာလျှင် ကြက်ဥ(ယောက်ချိုဇွန်း ၁ဇွန်း)စာ ထည့်လိုက်ပါ။

၃။ ကြက်ဥ ကျက်သည်အထိ မီးနည်းနည်းဖြင့် တည်ထားပါ။ ကြက်ဥ ကျက်လျှင် တူဖြင့် အသာအယာ ခေါက်ပြီ ဘေးသို့ လိမ့်လိုက်ပါ။

၎။ ထို့နောက် လိပ်ထားသော ကြက်ဥကို ဒယ်အလယ်သို့ ရွေ့ပြီ ဒယ်ထဲ ဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်ဥ(ယောက်ချိုဇွန်း ၁ဇွန်း) ထပ်ထည့်ပါ။

၅။ ကြက်ဥ ကျက်လျှင် ကြက်ဥကို တူဖြင့် ဖြည်းဖြည်းခြင်း လိမ့်သွားပေးပါ။

၆။ ထိုနည်းအတိုင်း ခွက်ထဲမှ ကြက်ဥများ ကုန်သည်အထိ ကြော်ပြီ လိမ့်ပေးပါ။ တဖြည်းဖြည်း ကြက်ဥ စတုဂံလိပ် ထူလာပါမည်။

ရ။ ကြက်ဥလိပ် ရပြီဆိုလျှင် မညီတဲ့ ဘေးအစွန်း နှစ်ဖက်ကို ဓားဖြင့် ပိုင်းဖြတ်ပြီ ကျန်တဲ့ ကြက်ဥ သီးရွက်စုံလိပ်ကို ၈ပိုင်းပိုင်းပေးပါ။

ပဲပင်ပေါက်သုပ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေထည့်ပြီ ဆူလာလျှင် ပဲပင်ပေါက်များ ရေနွေးဖျော်ပေးပြီ ဇကာဖြင့် ပြန်ရေစစ်ထားပါ။

၂။ ပြီးနောက် ဇောက်ပန်းကန်ထဲ (ပဲပင်ပေါက်၊ ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်နီကြော်၊ ဆီချက်၊ ဆား၊ အသားမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

ထမင်းဘူး ပြင်နည်း

၁။ အရင်ဆုံး ထမင်းဘူးကို လေးပိုင်းပိုင်းပြီ တပိုင်းတွင် ထမင်းထည့်၊ အပေါ်မှ ရေညိုလေးများ ဖြူးပေးပါ။

၂။ ပြီးမှ ၀က်နံရိုးကင်၊ ပဲပင်ပေါက်သုပ်၊ ကြက်ဥ လိပ်ကြော်တို့ကို အစီအစဉ်ထည့်လိုက်ပါ။ 

Wutyee

My name is Cho Wut Yee. I a

...see more

Ingredients

Kids Lunch Box

Chef Wutyee's recipes