BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

ဝက်သား အကြွပ်ကြော် နှင့် မရိုနိစ်

Pork chop လို့ခေါ်တဲ့ ၀က်သားလိုင်းသားကို အကြွပ်ကြော်ထားတာ ဖြစ်ပါတယ်။ ပြီလျှင် ဂေါ်ဖီ၊ မရိုနိစ်၊ ဆော့တို့ဖြင့် တွဲဖက်ပြီ အရသာရှိစွာ သုံးဆောင်ရတာပါ။ လုပ်ရလည်း လွယ်ပြီ စားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်ကြည့်၇အောင်…

ဝက်သား အကြွပ်ကြော်ရန် ပါဝင်ပစ္စည်းများ

  • ၀က်သား (လိုင်းသား) – ၂ခု (၂၅၀ ဂရမ် (သို့) ၁၅ကျပ်သား)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးပေးရန်)
  • ဂျုံမှုန့် – ၁၀၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
  • ပါမုန့်ခြောက် – ရ၀ ဂရမ် (breadcrumb ကို Supermarket များမှာ ၀ယ်ယူနိုင်ပါသည်)
  • ဆီ – များများ

တခြားပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးသေး – ၅လုံး (ထပ်ခြမ်းခြမ်းထားပါ)
  • ဂျပန် မရိုနိစ်(အချို) – စားပွဲတင်ဇွန်း ၂ဇွန်း (တွဲဖက် သုံးဆောင်ရန်)
  • ဂေါ်ဖီထုပ် – ၁စိတ် (ခပ်ပါးပါး လှီးထားပြီ ရေအေးထဲမှာ ၅မိနစ်စိမ်ထားပေးပါ)
  • နှမ်း – အနည်းငယ်

ဆော့တွင် ပါဝင်ပစ္စည်းများ

  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း

မှတ်ချက် ။ ။ ဆော့တွင် ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေထားပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး (၀က်သား၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။

၂။ ပြီနောက် ၀က်သားများကို ဂျုံမှုန့်ကပ်ပေးပြီ ကြက်ဥစိမ်ထားသော ခွက်ထဲသို့ တူလေးဖြင့် စိမ်ပေးပါ။

၃။ ကြက်ဥစိမ်ထားသော ခွက်ထဲမှ ပါမုန့်ခြောက်ထည့်ထားသော ပန်းကန်ထဲသို့ ထည့်ကာ ၀က်သားများကို ပါမုန့်ခြောက် ထပ်ကပ်ပေးပါ။ ပြီနောက် ရေခဲသေတ္တာ အောက်ထပ်တွင် ၁၀မိနစ်ခန့် အအေးခံထားပေးပါ။

၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ၀က်သားများကို မီးအသင့်တင့်ဖြင့် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။ ပြီလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

၅။ ထို့နောက် ၀က်သား အကြွပ်ကြော်ကို ဓားဖြင့် ပါးပါးအစောင်း လှီးပေးပါ။

၆။ ပန်းကန်ပေါ်တွင် ဆော့ရည်လေးများဆမ်းပြီ အပေါ်မှ ဂေါ်ဖီ၊ ခရမ်းချဉ်သီး အလှဆင်ပေးပါ။

ရ။ ပြီမှ ၀က်သားအကြွပ်ကြော် ခင်းပြီ အပေါ်မှ မရိုနိစ်၊ နှမ်းများဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ… 

 

 

Wutyee

My name is Cho Wut Yee. I a

...see more

Ingredients

Hearty recipes

Chef Wutyee's recipes