BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

ပိုးတီသုပ် (သို့) မုန့်လာဖြူချဉ်သုပ်

အချိန်တိုတွင်းမှာပဲ အလွယ်တကူ လုပ်စားနိုင်ဖို့ မြန်မာစတိုင် မုန်လာဖြူချဉ်သုပ်လေးပါ။ ပဲမှုန့်၊ ကြက်သွန်နီ တို့ဖြင့် ရောသုပ်ထားပဲ ဖြစ်ပါတယ်။

Healthy Point: မုန်လာဖြူကဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီ ဓာတ်တွေ အပြည့်အ၀ပါဝင်တာမို့ အသဲအားကောင်းခြင်း၊ သွေးတိုးခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဒီ မုန်လာဖြူချဉ်သုပ် ဟင်းလျာက အရသာရှိရုံမကပဲ ကျန်းမာရေးပါ ထူးခြားကောင်းမွန် စေပါတယ်။

ပါဝင်ပစ္စည်များ

  • မုန်လာဖြူချဉ် (သို့) ပိုးတီချဉ် – ၂ခု (အ၀ိုင်းပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ပဲမှုန့် (အကျက်မှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း တ၀က်

သုပ်နည်း

၁။ အရင်ဆုံး မုန်လာဖြူချဉ်များကို ဇောက်ပန်းကန်ထဲ ထည့်လိုက်ပါ။

၂။ ပြီမှ (ကြက်သွန်နီ၊ ပဲမှုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ဆား၊ သကြား၊) များထည့်ပေးပြီ သမအောင် ရောနုယ်ပေးပါ။

၃။ နောက်ဆုံးမှ ကြက်သွန်နီကြော်များ ဖြူပေးပြီ အရသာရှိသော မုန်လာဖြူချဉ်သုပ်ကို သုံးဆောင်နိုင်ပါပြီ..

Sunny

He was born in Yangon, the

...see more

Ingredients

I Love Myanmar

Chef Sunny's recipes