BE INSPIRED

Be inspired to cook up a storm - be it for a family meal, a special occasion or to celebrate Myanmar’s many festivals. Our recipe section provided by the top chefs from Myanmar and around the world will take you through the steps of cooking your favourite local dishes or international meals all in the comfort of your own kitchen. Be inspired!

Taro Croquette (ပိန်းဥ Croquette)

အစာပြေလုပ်စားဖို့ အတွက် ပိန်းဥ Croquette ချက်နည်းလေးပါ။ အရင်ဆုံး ပိန်းဥကို ပေါင်းအိုးဖြင့် နူအိအောင် ပေါင်းထားပြီမှ ဟင်းသီးဟင်းရွက် အစာသွပ်ပြီ ပါမုန့်ခြောက်ဖြင့် အကြွပ်ကြော်ပေးထားတာပဲ ဖြစ်ပါတယ်။

ပိန်းဥ Croquette တွင် ပါဝင်ပစ္စည်းများ

  • ပိန်ဥ – ၂၀၀ ဂရမ်
  • Five spice powder – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (တရုတ်ဟင်းခတ် အမွှေးအကြိုင်)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း တ၀က်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဂျုံမှုန့် – ၁၀၀ ဂရမ်
  • ကြက်ဥ – ၁လုံး (ခလောက် ထားပါ)
  • ပါမုန့်ခြောက် – ၁၅၀ ဂရမ်

အစာသွပ်ရန် ပါဝင်ပစ္စည်းများ

  • Shiikae မှိုပွင့်ဖြူ – ၅ခု (ရေနွေးပြုတ်ပြီ အတုံးသေးများ တုံးထားပါ)
  • မုန်လာဥနီ – ခွက်တ၀က် (အတုံးသေးများ တုံးထားပါ)
  • ပဲ(baked bean) စည်သွပ် – ခွက်တ၀က်
  • ပဲသီး – ခွက်တ၀က်
  • ကြက်သွန်ဖြူ – ၂မွှာ (နှတ်နှုတ်စဉ်းပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရေ – ခွက်တ၀က် (၁၀၀ မီလီလီတာ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပိန်းဥ Croquette လုပ်နည်း

၁။ အရင်ဆုံး ပိန်းဥများကို ပေါင်းအိုးဖြင့် မိနစ် ၅၀ခန့် နူအိသည်အထိ ထည့်ပေါင်းပေးပါ။

၂။ ပြီလျှင် အခွံနွှာပြီ ဆုံထောင်းထဲထည့်၍ ပိန်းဥများကို ကြေသည်အထိ ထောင်းပေးပါ။

၃။ ထို့နောက် ခွက်တစ်ခုထဲ (ပိန်းဥ၊ five spice powder၊ ဆား၊ သကြား) တို့ကို သမအောင် ပိန်းဥဒိုးသား နူညံ့သည်အထိ ရောနုယ်ပေးပါ။

၎။ ပြီနောက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။

ပိန်းဥ Croquette ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီနောက် မှို၊ ပဲသီး၊ မုန်လာဥနီ၊ ပဲ၊ တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၃။ အရသာအတွက် ပဲငံပြာရည်၊ ခရုဆီ၊ ရေ(ခွက်တ၀က်)၊ ဆား၊ သကြား၊ နှမ်းဆီ တို့ကို ထည့်ပြီ ဆီပြန်သည်အထိ ရောမွှေပေးပါ။

၎။ ပြီနောက် မီးပိတ်ပြီ ခွက်တစ်ခုထဲ ထည့်ကာ အအေးခံထားပေးပါ။

ပိန်းဥ Croquetteလုပ်နည်း

၁။ ခု စပြီ အစာသွပ်ရန် ပိန်းဥဒိုးများကို ၁လုံးများအရွယ် ၆ခု လက်ဖြင့် အလုံးလေးများ လုံးလိုက်ပါ။

၂။ ပြီနောက် ပိန်းဥဒိုးတစ်ခုကို အပြားလုပ်၊ ဟင်းသီးဟင်းရွက်အစာသွပ်၊ ပြီလျှင် ဒိုးသားဖြင့် ပြန်ပိတ်ပေးကာ အလုံးလေးများ ပြုလုပ်ပါ။

၃။ ထိုနည်းအတိုင်း ကျန်ပိန်းဥများကို အစာသွပ်ပေးပါ။

၎။ ပြီလျှင် ပိန်းဥအစာသွပ်များကို ဂျုံမှုန့်များ ကပ်ပေးပါ။

၅။ ပြီမှ ပိန်းဥ အစာသွပ်များကို ကြက်ဥခွက်ထဲသို့ နှစ်စိမ်ပေးပြီ ပါမုန့်ခြောက်များ ပြန်ကပ်ပေးပါ။

၆။ ကျန်ပိန်းဥများကိုလည်း ထိုနည်းအတိုင်း ဂျုံ၊ ကြက်ဥ၊ ပါမုန့်ခြောက်များ အစဉ်အတိုင်း ကပ်ပေးသွားပါ။

ရ။ Air Fryer (သို့) ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ပိန်းဥ Croquette များကို ရွှေညိုရောင် သန်းသည်အထိ ကြော်ပေးရမှာပဲ ဖြစ်ပါတယ်။

၈။ နောက်ဆုံးမှ ပြန်ဆယ်ပြီ အလယ်မှ ထပ်ခြမ်းခြမ်းကာ မရိုနိစ်များ ဖြူးပေးပြီ ပိန်းဥ Croquetteများကို အရသာရှိစွာဖြင့် သုံးဆောင်နိုင်ပါပြီ။

 

Taro Croquette 

This is a nice healthy snack you can make it at home very easily and equally delicious. Taro is streamed then mashed and mixed with breadcrumbs and vegetable and deep fried. If you are looking for a nice afternoon snack without gaining a lot of calories, this is the recipe you are looking for.

Ingredients

  • Taro Fruit – 200 g
  • Chinese five spice powder – 1/3 teaspoon 
  • Salt – 1/2 teaspoon
  • Sugar – 1/2 tablespoon
  • Vegetable oil – 4 tablespoon 
  • Flour – 100 g
  • Egg – 1 egg (whisked)
  • breadcrumbs – 150 g

For stuffing

  • Shiikae mushroom– 5 pieces (blanched and diced into small pieces)
  • Carrot – 1/2 cup (diced into small pieces)
  • Baked beans – 1/2 cup
  • Green peas – 1/2 cup
  • Garlic – 2 pieces (chopped)
  • Vegetable oil – 3 tablespoon
  • water – 1/2 cup (100 ml)
  • Oyster sauce – 3 tablespoon
  • soy sauce – 1/2 tablespoon
  • salt – 1/2 teaspoon
  • sugar – 1/2 teaspoon
  • sesame oil – 1 teaspoon

Cooking methods

1. First steamed the taro fruits for 50 minutes.

2. Peel and mash the taro။

3. Mix mashed taro၊ five spice powder၊ salt၊ sugar in a bowl.

4. Put in 4 tablespoons of oil, mix and make it into a dough.

 

How to prepare Taro Stuffings

1. Heat oils in a wok and fried some garlic.

2. Put in mushrooms, carrot, peas and friend for a minute.

3. Put in oyster sauce, soy sauce, half a cup of water, salt, sugar and sesame oil and mix well.

4. After all the ingredients are cooked well, set aside.

 

How to cook Taro Croquette

1. Prepare taro dough into 4 inches pieces.

2. Then stuff it with vegetable stuffings that you set aside.

3. Flour the taro stuffings. 

4. Then put taro stuffings into egg york, then stick with breadcrumbs. 

5. Continue the rest with the above method. 

6. Use an air fryer or a frying pan, put in some oil and fry the taro croquettes untill they are golden brown. 

7. Serve hot with mayonnaise. 

 

Sunny

He was born in Yangon, the

...see more

Ingredients

Healthy

Chef Sunny's recipes