RecipeTube Cooking Contest

City Mart Supermarket ၏ RecipeTube Season 2 တွင် “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်”  ပြိုင်ပွဲ အစီအစဉ်အား စတင်မိတ်ဆက်

City Mart RecipeTube အစီအစဉ်လေးကနေ ဟင်းလျာချက်ပြုတ်နည်းတွေကို တစ်ပတ်တစ်မျိုး မရိုးရလေအောင် Five Minutes Meal Week – “လွယ်ကူလျှင်မြန် ချက်ဖို့ရန်”၊ Healthy Week – “ကျန်းမာစေမယ့် ဟင်းတစ်ခွက်”၊ Hearty Week – “အသဲစွဲ ဟင်းလျာ ချက်စားမှာ”၊ Kids Lunch Box – “ကလေးတို့အတွက်ပါ ဒီဟင်းလျာ”၊ I Love Myanmar Week – “မြန်မာ့ရိုးရာ ဟင်းလေးပါ” ဆိုပြီး အပတ်စဉ် တင်ဆက်ပေးနေပါတယ်။

ဒီတစ်ခေါက် City Mart RecipeTube အစီအစဉ်မှ စတင်ပြီး ဟင်းချက်တာ ဝါသနာပါတဲ့သူတွေအတွက် “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်” ပျော်စရာ ဟင်းချက်ပြိုင်ပွဲလေး ပြုလုပ်ဖို့အတွက် စီစဉ်ထားပါတယ်။ ဒီအစီအစဉ်လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဟင်းချက်ဝါသနာပါတဲ့ သူတွေရဲ့ ကိုယ်ပိုင် ဟင်းချက်စွမ်းရည်တွေကို လူအများသိရှိအောင် ဖော်ထုတ်ပြသခွင့်ရရှိစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲလေးကို ပြုလုပ်သွားမယ့်ပုံစံကတော့ …

City Mart RecipeTube (Five Minutes Meal Week, Healthy Week, Hearty Week, Kid Lunch Box, I Love Myanmar Week) ထဲမှ မိမိကြိုက်နှစ်သက်တဲ့ ဟင်းလျာအုပ်စုတစ်ခုတည်း ကနေ အများနဲ့မတူ ထူးထူးခြားခြားချက်ပြုတ်၊ ဟင်းနာမည်ပေးပြီး City Mart Facebook Page ရဲ့Message Box ကို ဓါတ်ပုံပေးပို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပေးပို့လာသူများထဲမှ လစဉ် Like အများဆုံးရရှိသူဆု (Most Like Recipe Award) နှင့် စားဖိုမှူး ဦးဆန်နီမှ ရွေးချယ်ချီးမြှင့်သော ဟင်းလျာပြင်ဆင်မှု အကောင်းမွန်ဆုံး နှင့် အလိုက်ဖက်ဆုံး ဟင်းလျာနာမည်ဆန်းပေးနိုင်မှုဆု (Creative Recipe Award) စသည်ဖြင့် ဆုများကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

Online တွင် ယှဉ်ပြိုင်မှုအတွက် ပေးအပ်သွားမယ့် ဆုကတော့ City Mart Supermarket Gift Voucher ၅၀၀၀၀ ကျပ် ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးးကို ၆ လတိတိ လစဉ်လတိုင်း ပြုလုပ်သွားမှာဖြစ်ပြီး ၆လ ပြည့်သည့်အချိန်တွင် “Grand Final Cooking Contest”  ပြိုင်ပွဲကြီးကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီ Grand Final ပွဲကြီးမှာ ဦးဆန်နီကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ Creative Recipe Award Winner များသည် Cooking Live Demonstration ပြုလုပ်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီ Live ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံး သုံးဦးကို ပြန်လည် ရွေးချယ်သွားမှာဖြစ်ပြီး ဆုတွေအနေနဲ့လည်း ပထမဆု (၃၅၀၀၀၀ ကျပ် + City Mart Supermarket Gift Voucher ၃၅၀၀၀၀ ကျပ်)၊ ဒုတိယဆု (၂၅၀၀၀၀ ကျပ် + City Mart Supermarket Gift Voucher ၂၅၀၀၀၀ ကျပ်) နှင့် တတိယဆု (၁၅၀၀၀၀ ကျပ် + City Mart Supermarket Gift Voucher ၁၅၀၀၀၀ ကျပ်) တို့ကို ပြန်လည် ချီးမြှင့်သွားမှာ ဖြစ်ပါသည်။

ပြိုင်ပွဲရဲ့အသေးစိတ် စည်းကမ်းချက်တွေကိုလည်း အောက်တွင် အသေးစိတ် လေ့လာနိုင်ပါတယ်။

စည်းကမ်းချက်များ
 
၁။ ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော ဟင်းလျာအုပ်စု (၅) စုအတွင်း အကျုံးဝင်သော ဟင်းလျာများထဲမှ မိမိကြိုက်နှစ်သက်ရာ ဟင်းတစ်မျိုးကို ချက်ပြုတ်ပြီး ဓါတ်ပုံရိုက်၍ City Mart Supermarket Myanmar Page ရဲ့ Message Box သို့ ပေးပို့ ယှဉ်ပြိုင်ရမည်။

၂။ ဓါတ်ပုံထဲတွင် ဟင်းလျာပုံ၊ ပြိုင်ပွဲဝင်၏ Facebook Account နာမည်၊ ဟင်းလျာအုပ်စုအမည် နှင့် ကိုယ်တိုင် နာမည်ပေးထားသော ဟင်းလျာအမည် အသစ်အဆန်းတို့ကို ပြည့်ပြည့်စုံစုံ ထည့်သွင်း ဖော်ပြပေးရပါမည်။

၃။ ပေးပို့လာသော ဓါတ်ပုံသည် မိမိကိုယ်တိုင် ချက်ပြုတ်ထားသည့် ဟင်းလျာ အစစ်အမှန်ဖြစ်ရပါမည်။

၎။ သတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်ခင် ပေးပို့လာသော ဟင်းလျာဓါတ်ပုံ ၄၀ ကိုသာ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါသည်။ စည်းကမ်းချက်များနှင့် ကိုက်ညီသော ဓါတ်ပုံများကို လက်ခံရရှိကြောင်း ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၅။ စည်းကမ်းချက်များနှင့် ကိုက်ညီသော ဓါတ်ပုံများကို ပြန်လည်စုစည်းပြီး “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက် “ ခေါင်းစဉ်ဖြင့် Album တစ်ခု ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဓာတ်ပုံစတင်တင်ပေးသည့် အချိန်မှစ၍ Like များရရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် Voting ပိတ်သိမ်းမည့်အချိန်တွင် Like Voting ကို ပိတ်သိမ်းပြီး Like များ စတင် ရေတွက်မည် ဖြစ်ပါသည်။ Like ရေတွက်ရာတွင် မိမိ အကောင့်တွင် တင်ထားသော ဓာတ်ပုံ၏ Like အရေအတွက်ကို ထည့်သွင်း ရေတွက်မည်မဟုတ်ဘဲ City Mart Supermarket Facebook Page ပေါ်ရှိ Album ထဲမှ Like များကိုသာ တွက်ချက်မည်ဖြစ်ပါသည်။ (Like ဟုဆိုရာတွင် Total Reaction ကိုပါ ထည့်သွင်းစဉ်းစားပါသည်။)

၆။ Like အများဆုံးရရှိသူဆု (Most Like Recipe Award) နှင့် စားဖိုမှူး ဦးဆန်နီမှ ရွေးချယ်ချီးမြှင့်သော ဟင်းလျာပြင်ဆင်မှု အကောင်းမွန်ဆုံး နှင့် အလိုက်ဖက်ဆုံး ဟင်းလျာနာမည်ဆန်းပေးနိုင်မှုဆု (Creative Recipe Award) များကို City Mart Supermarket Facebook Page ပေါ်တွင် ပြန်လည် ကြေညာသွားမည် ဖြစ်ပါသည်။
 
၇။ ဆုရရှိသူနှစ်ဦးကို City Mart Supermarket Gift Voucher ၅၀၀၀၀ ကျပ် စီ ပြန်လည် ချီးမြင့်သွားမည်ဖြစ်ပြီး Creative Recipe Award ဆုရရှိသူများအနေဖြင့် ဇွန်လအတွင်းတွင် ကျင်းပမည့် Grand Final ပွဲကြီးတွင် ပါဝင်ဆင်နွှဲခွင့်ကို ရရှိမည်ဖြစ်ပါသည်။

၈။ “ကိုယ်တိုင်ထွင်ချက် ဟင်းတစ်ခွက်ပြိုင်ပွဲ” ကို လစဉ် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် လတစ်လ၏ အနိုင်ရရှိသူများသည် နောက်လပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။

၉။ City Mart Supermarket မှ ဝန်ထမ်းများနှင့် ယခုအစီအစဉ်လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။

၁၀။ ဆုကြေးများကို ငွေသားအဖြစ် ပြောင်းလဲပေးမည်မဟုတ်ပါ။ 

၁၁။ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက City Mart Supermarket ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။