ဖာလူဒါကိုအိမ်မှာအလွယ်တကူလုပ်စားကြမယ်

ရာသီဥတု(၃)မျိုးထဲမှာမှ အပူဆုံးကာလတစ်ခုဖြစ်တဲ့ နွေရာသီကို ရောက်ရှိလာတော့ဖြစ်မှာပါတယ်။ ပူအိုက်တဲ့ရာသီဉတုနဲ့ လိုက်ဖက်တဲ့ ချိုချိုအေးအေး အစားအသောက်တွေကို အိမ်မှာပဲအလွယ်တကူ ပြုလုပ်စားသောက်လို့ရနိုင်အောင် အချိုပွဲတစ်မျိုးကို လုပ်ပြပေးသွားမှာြဖစ်ပါတယ်။ အဲဒါကတော့ ချိုချိုဆိမ့်ဆိမ့်နဲ့ အရသာရှိလှတဲ့ ဖာလူဒါပဲဖြစ်ပါတယ်။ မိသားစုအားလုံး အကြိုက်တွေ့စေမှာပါနော်။ ပြုလုပ်ပုံအဆင့်ဆင့်ကိုတော့ ဓာတ်ပုံလေးတွေနဲ့တကွ ကြည့်လိုက်ကြရအောင်နော်။ဖာလူဒါ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းအားလုံးကို City Mart Supermarket မှ ဝယ်ယူထားတာဖြစ်ပါတယ်ရှင်။
ဖာလူဒါ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို အရင်ဆုံးပြောပြပေးပါမယ်။
MAGNOLIA ICE CREAM VANILLA 420G- ၁ ဗူး
နွားနို့ - ၁ဗူး
ပူတင်း - မိမိစိတ်ကြိုက်ပမာဏ
ကျောက်ကျော (အသင့်လုပ်ပြီးသား) - ၂ဗူး
သာဂူစေ့ - ၁ထုတ်
သကြား - ၁ထုတ်
Food color (red or rose color) – အနည်းငယ် နှင့်
နှင်းဆီရနံ့ (rose flovour) - အနည်းငယ်တို့ ဖြစ်ပါတယ်။

အသုံးပြုမဲ့ ပါဝင်ပစ္စည်းတွေအားလုံး စုံသွားပြီဆိုတော့ ဖာလူဒါ စလုပ်လိုက်ကြရအောင်။ အရင်ဆုံး ဖာလူဒါထဲမပါမဖြစ် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ rose syrup -နှင်းဆီသကြားရည်ကို လုပ်ပါမယ်။ သကြားရည်ကြိုဖို့အတွက် သကြား၁ခွက်ဆိုရင် ရေကို၂ခွက်ထည့်ပြီး ကြိုပါမယ်။ ခွက်အရွယ်အစားအနေနဲ့ကတော့ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သကြားရည်လေးက အနည်းငယ်ကျိုရည်ကျလာပြီဆိုရင်တော့ မီးအပူချိန်ကိုလျော့ချပြီး food color ထည့်ပါမယ်။ ပြီးရင် rose flovour ကိုထည့်ပြီးရင်တော့ rose syrup ကိုရရှိပြီဖြစ်ပါတယ်။

ကျောက်ကျောကို အမျှင်အချောင်းလေးတွေဖြစ်အောင် ခြစ်ချထားပါမယ်။ သာဂူကိုလဲ အဆင့်သင့်ဖြစ်အောင် ကြိုထားပါမယ်။ သာဂူကြိုတဲ့အခါမှာ အရမ်းကြီးမပျော့ပြဲသွားဖို့ကိုတော့ သတိထားရပါမယ်နော်။ ပူတင်းကိုလဲ အတုံးလေးတွေလှီးထားပါမယ်။

အသုံးပြုမဲ့ ပါဝင်ပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ မိမိသောက်သုံးမဲ့ ခွက်ထဲကို တစ်ခုချင်းစီ ထည့်သွားပါမယ်နော်။ အောက်ဆုံးမှာ rose syrup ကိုထည့်ပြီး ကျန်တဲ့ပါဝင်ပစ္စည်းတွေကို တစ်ဆင့်ချင်းစီထည့်သွားပါမယ်။ အပေါ်ဆုံးမှာတော့ VANILLA ICE CREAM လေးကို တင်လိုက်ပါမယ်။ ၁လုံး (သို့) ၂လုံး မိမိစိတ်ကြိုက်ထည့်ပြီး စားသုံးနိုင်ပါတယ်။

ကဲ အခုဆိုရင်တော့ အနံ့ရော အရသာနဲ့ ပြည့်စုံတဲ့ ဖာလူဒါကို ရရှိပြီဖြစ်ပါတယ်။ ချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မိသားစုတွေအကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပါပဲနော်။ ပူအိုက်တဲ့နွေရာသီကာလနဲ့လည်း အလွန်လိုက်ဖက်တဲ့ အချိုပွဲပါပဲ။ ပြုလုပ်ရတာလည်း လွယ်ကူတဲ့အတွက် မိမိတို့ကိုယ်တိုင် အိမ်မှာအလွယ်တကူလုပ်စားနိုင်ပါတယ်နော်။ ကြည့်ရှူသူအိမ်ရှင်မတွေကိုလည်း ကိုယ်တိုင်လိုက်လုပ်စားကြည့်ကြဖို့ အကြံပေးပါရစေရှင့်။




Comments