Mala Hot Pot
- Dec 7, 2021
- 1 min read
Updated: Dec 15, 2021
ဒီတစ်ခေါက်မှာတော့ မာလာဟော့ပေါ့လုပ်တဲ့အခါမှာ လွယ်ကူလျင်မြန်ပြီး အချိန်ကုန်သက်သာစေအောင် City Mart Supermarket တွေမှာ နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်ပြုလုပ်ထားတဲ့ Hot Pot & BBQ ကောင်တာမှ အသင့်ထုတ်ပိုးပြင်ဆင်ထားပေးတဲ့ ၂ယောက်စာ Pork Hot Pot Set ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဝက်သားဟော့ပေါ့ထုပ်မှာ အသားနဲ့အသီးအရွက်တွေအပြင်၊ ကြက်ဥ၊ ငုံးဥ နဲ့ ပဲကြာဆံအထုပ်တွေပါ အစုံအလင်ပါဝင်တဲ့အတွက်ကြောင့် တစ်ခုချင်းစီကို အကုန်လိုက်ဝယ်နေစရာမလိုတဲ့အတွက် အလုပ်မရှုပ်ဘဲ အချိန်ကုန်သက်သာစေတဲ့အတွက် အရမ်းအဆင်ပြေစေပါတယ်။
အခုပြုလုပ်ပြထားတဲ့ မာလာဟော့ပေါ့ကို စမစားခင်မှာဘဲ သူ့ရဲ့အနံ့မွှေးမွှေးလေးကြောင့် စားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေမှာပါ။ အရသာကိုပြောပြရမယ်ဆိုရင်တော့ ဟော့ပေါ့ထဲထည့်ပြုတ်ထားတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ လတ်ဆတ်တဲ့ဝက်သားရဲ့ ချိုတဲ့အရသာရယ်၊ အသားလုံး၊ ငါးလုံးနဲ့ အသီးအရွက်တွေဆီကရရှိတဲ့ အချိုအရသာကြောင့် ဟင်းရည်ရဲ့အချိုအရသာကို ပိုမိုလေးနက်ကောင်းမွန်စေပါတယ်။ မာလာအနှစ်ကိုထည့်သုံးထားတဲ့အတွက် အစပ်အရသာအနည်းငယ် ပါဝင်တဲ့အတွက်ကြောင့် ခံတွင်းလိုက်ပြီး ပိုစားကောင်းစေပါတယ်။ အခုလိုမျိုး အနံ့မွှေးကြိုင်ပြီး ချိုချိုစပ်စပ်အရသာရှိတဲ့ မာလာဟော့ပေါ့ကို မိသားစုတွေအားလုံးဝိုင်းဖွဲ့စားသောက်ပြီး နှစ်သစ်မှာပျော်ရွှင်စရာ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မှာ အမှန်ပါပဲရှင်။
အိမ်ရှင်မတွေအတွက် ဈေးဝယ်စာရင်းကို အလွယ်တကူပြုလုပ်နိုင်ဖို့အတွက် ပါဝင်ပစ္စည်းတွေရဲ့ အချိုးအစားပမာဏတွေကို အရင်ဆုံးဖော်ပြပေးလိုက်ပါတယ်။

Pork Hot Pot Set (၂ယောက်စာဝက်သားဟော့ပေါ့ထုပ်) – ၂ ထုပ်၊
ပြည်ကြီးငါးအသားလုံး - ၂၂၀ ဂရမ်၊
ငါးအိုးစည် - ၂၀၀ ဂရမ်၊
ဝက်မှိုလုံး - ၂၂၀ ဂရမ်၊
ချိစ်တိုဟူး - ၁၂၀ ဂရမ်၊
ဆယ်လ်မွန်ငါးလုံး - ၁၁၀ ဂရမ်၊
ကြာစွယ် - ၁၅၀ ဂရမ်၊
ထိုင်ဝမ်မုန်ညင်း - ၂ စည်း၊
မာလာအနှစ် - စားပွဲဇွန်း ၃ ဇွန်း၊
အရသာမှုန့် - စားပွဲဇွန်း ၁ ဇွန်း၊
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊
ကြက်ရိုးပြုတ်ရည် - ၂ လီတာ တို့ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ မာလာဟော့ပေါ့ကို စချက်ကြရအောင်။

ပထမဆုံး အသင့်ပြုတ်ထားတဲ့ ကြက်ရိုးပြုတ်ရည်အိုးထဲကို မာလာအနှစ်ထည့်ပြီး ဆူအောင်တည်ပါမယ်။ အနံ့မွှေးပြီးဆူလာရင် ဝက်သားတွေကို အရင်ဆုံးထည့်ပြုတ်ပါမယ်။ ဝက်သားမစားတဲ့သူတွေကတော့ ကြက်သား (သို့) ကြိက်နှစ်သက်ရာပင်လယ်စာတွေကို အသုံးပြုနိုင်ပါတယ်။
အသားထည့်ပြီးပြီဆိုရင် အရည်အရသာကိုပိုပြီးအချိုလေးစေရန် အဆင်သင့်လှီးထားတဲ့ ပြောင်းဖူးစိတ်တွေကို ထည့်ပြုတ်ပါမယ်။ ပြီးရင် အသားလုံး၊ ငါးလုံးတွေကိုထည့်ပြီး အနည်းငယ်ကျက်သည်အထိ ပြုတ်ထားပါမယ်။

အသားနဲ့ အသားငါးလုံးတွေကျက်ပြီဆိုရင် အသင့်လှီးဖြတ်ထားတဲ့ ကြာစွယ်၊
အသီးအရွက်များနဲ့ ပဲကြာဆံကို ထည့်ပြီး ပြုတ်ပါမယ်။ ဟော့ပေါ့ထဲကို အသီးအရွက်ထည့်တဲ့အခါမှာ မိမိကြိက်နှစ်သက်ရာ အသီးအရွက်များကို ထပ်ပေါင်းထည့်ပြီး ပြုတ်နိုင်ပါတယ်။ အခုသုံးထားတဲ့ အသီးအရွက်တွေကတော့ hot pot set ထဲမှာ အဆင်သင့်ပါရှိတဲ့ အသီးအရွက်တွေကို သုံးထားတာဖြစ်ပါတယ်။ ကြက်ဥကိုလည်း တစ်ခါတည်း ဖောက်ထည့်ပါတယ်။ ကြက်ဥကို အရင်ဖောက်ထည့်တာမကြိုက်ရင်လည်း နောက်ဆုံးမှဖောက်ထည့်ပြီး သုံးဆောင်လို့လည်းရပါတယ်။

အသားနဲ့ အသီးအရွက်တွေရောထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားတာ ကျက်သွားပြီဆိုရင် အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ မာလာဟော့ပေါ့ကို ရရှိပြီဆိုတော့ မီးဖိုရဲ့အပူပမာဏကိုလျော့ချလိုက်လို့ရပါပြီ။
အခုဆိုရင်တော့ အနံ့မွှေးကြိုင်ပြီး အရသာကောင်းမွန်တဲ့ မာလာဟော့ပေါ့ကို သုံးဆောင်လို့ရပါပြီ။ ပြုလုပ်တဲ့အခါမှာလည်း လွယ်ကူလျင်မြန်တဲ့အပြင် အိမ်သားအားလုံးအကြိုက်တွေ့စေမှာဖြစ်တဲ့အတွက် အိမ်ရှင်မတို့ကို လိုက်ချက်စားကြည့်စေချင်ပါတယ်နော်။

အခုဆိုရင်တော့ အနံ့မွှေးကြိုင်ပြီး အရသာကောင်းမွန်တဲ့ မာလာဟော့ပေါ့ကို သုံးဆောင်လို့ရပါပြီ။ ပြုလုပ်တဲ့အခါမှာလည်း လွယ်ကူလျင်မြန်တဲ့အပြင် အိမ်သားအားလုံးအကြိုက်တွေ့စေမှာဖြစ်တဲ့အတွက် အိမ်ရှင်မတို့ကို လိုက်ချက်စားကြည့်စေချင်ပါတယ်နော်။




Comparing assistants across privacy and maintenance is more useful than just looking at feature lists, especially when the underlying model is the same. The inclusion of a decision guide suggests the author understands that the best choice varies by use case. I particularly value how this analysis appears to cover cost implications over time, not just initial setup effort. The assistant comparison provides a structured way to think through those trade-offs.
BSC has a reputation for fast launches, which also means more opportunities for bad actors. A BEP-20 token safety check can help you evaluate whether a contract has hidden owner powers or other risky features before you decide to hold it long-term.