Variety of BBQ
Updated: Dec 15, 2021
အခုပြုလုပ်ပြမယ့် BBQ - အကင်စုံကို City Mart Supermarket တွေမှာ နှစ်သစ်ကူးပွဲအတွက် အထူး ပြင်ဆင်ပြုလုပ်ထားတဲ့ Hot Pot & BBQ ကောင်တာမှ ဝယ်ယူထားတာဖြစ်ပါတယ်။ အကင်အတွက်လိုအပ်တဲ့ အသား၊ငါး၊ဟင်းသီးဟင်းရွက်တွေကို အဆင်သင့်ပြင်ဆင်ထားပေးတဲ့အတွက် လိုအပ်တာတွေအကုန်လုံးကို အလွယ်တကူဝယ်ယူနိုင်ပြီး အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ အသား၊ငါးတွေကိုလည်း အဆင်သင့်အရသာနယ်နှပ်ထားပေးတဲ့အပြင် ရွေးချယ်စရာအမျိုးအစားစုံလင်တဲ့အတွက် အရမ်းကိုအဆင်ပြေစေပါတယ်။
အနံ့မွှေးကြိုင်လွန်းပြီး မြင်လိုက်တာနဲ့စားချင်စိတ်တွေကိုဖြစ်ပေါ်စေတဲ့ BBQ - အကင်စုံအရသာကတော့ အသုံးပြုထားတဲ့ ဝက်သား၊ ကြက်သား၊ အမဲသားတွေရဲ့ လတ်ဆတ်တဲ့သဘာဝအချိုအရသာကိုမှ ပိုမိုကောင်းမွန်အောင် အရသာတွေနယ်နှပ်ထားတဲ့အတွက် အသားတစ်ဖတ်ကိုလျှာပေါ်တင်လိုက်တာနဲ့ ထူးခြားကောင်းမွန်တဲ့အရသာကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသီးအရွက်တွေရဲ့ လတ်ဆတ်ကောင်းမွန်တဲ့ သဘာဝအချိုအရသာကြောင့် ခံတွင်းလိုက်စေမှာ ဖြစ်ပါတယ်။ အနံ့မွှေးမွှေးလေးနဲ့ အရသာအရမ်းရှိတဲ့ BBQ - အကင်စုံကို မိသားစုအားလုံးအကြိုက်တွေ့စေပြီး နှစ်သစ်မှာ ပျော်ရွှင်တဲ့အမှတ်တရအချိန်ကောင်းလေးတွေကို ဖန်တီးနိုင်ကြမှာ အသေအချာပါပဲရှင်။

အိမ်ရှင်မတွေ အလွယ်တကူဈေးဝယ်စာရင်းပြုလုပ်နိုင်ရန်အတွက် ပါဝင်ပစ္စည်းတွေကို အရင်ဆုံးဖော်ပြပေးလိုက်ပါတယ်။

တယ်ရီရာကီအရသာ ဝက်သားသုံးထပ်သား ရှာဘူရှာဘူ၊
တယ်ရီရာကီအရသာ ဝက်လိုင်းသားရှာဘူရှာဘူ၊
တယ်ရီရာကီအရသာ အမဲလိုင်းသားရှာဘူရှာဘူ၊
ကြက်သားငရုတ်ပွနှင့်ကြက်သွန်အကင်ချောင်း၊
ထိုင်းစတိုင်အရသာပုဇွန်
အသီးအရွက်စုံဗန်း တို့ဖြစ်ပါတယ်။
(အသားပမာဏကတော့ ကိုယ်လိုအပ်သလို ချိန်ဆဝယ်နိုင်ပါတယ်ရှင်။)

ပါဝင်ပစ္စည်းတွေကို အဆင့်သင့်ပြင်ဆင်ပြီးပြီဆိုတော့ အကင်လေးတွေ ကင်ကြရအောင်နော်။ အခုအကင်ကင်တဲ့အခါမှာတော့ မီးသွေးမီးဖိုကို အသုံးပြုထားပါတယ်။ အကင်တွေကို သုတ်လိမ်းပေးဖို့ ထောပတ်ဆီအနည်းကိုလည်း အဆင့်သင့်ပြင်ထားပါမယ်။ မီးမွှေးတာ အသင့်အတင့်မီးတောက်လာပြီဆိုရင် အသားတွေကို စတင်ပြီးကင်လို့ရပါပြီ။ အသီးအရွက် အနည်းငယ်ကိုလည်း တစ်ခါတည်းကင်ပါမယ်။ ပြောင်းဖူးတို့ ကြာစွယ်တို့ကို ကင်တဲ့အခါ ကျက်ဖို့အနည်းငယ်ကြာတဲ့အတွက် သေချာလေးကင်ပေးရပါမယ်။

အသားနဲ့ဟင်းသီးဟင်းရွက်တွေကို ကင်ထားတာ အချိန်အနည်းငယ်ကြာပြီး ကျက်စပြုလာပြီဆိုရင် နောက်တစ်ဖက်ကိုလှန်ပြီး ထောပတ်ဆီအနည်းသုတ်ကာ ထပ်ကင်ပေးပါမယ်။ မီးသွေးမီးနဲ့ကင်တဲ့အခါမှာ မီးကိုအရမ်းမတောက်စေဖို့ သတိထားရပါမယ်။ မီးအရမ်းများသွားရင် အထဲကအသားတွေမကျက်ခင်မှာ အပေါ်ယံအပိုင်းတွေကို တူးသွားစေနိုင်ပါတယ်။

အခုဆိုရင်တော့ ကင်ထားတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေလဲ ကျက်ပြီဆိုတော့ ပန်းကန်ထဲမှာ အားလုံးစုထည့်ပြီး သုံးဆောင်လို့ရပါပြီ။ အနံ့မွှေးမွှေးလေးနဲ့ ကောင်းမွန်တဲ့အရသာတို့ကြောင့် လူကြီး၊ လူငယ်အားလုံးအကြိုက်တွေ့စေမှာ ဖြစ်တာကြောင့် နှစ်သစ်ကူးညအချိန်အခါမျိုးမှာ မိသားစုတွေအားလုံးစုပြီး လိုက်လုပ်စားကြည့်စေချင်ပါတယ်ရှင်။




Assessing a wiki often comes down to how clearly pages invite revision and linking; editable wiki pages presents that pattern in a compact form.
Writing down daily tasks is much simpler when you utilize simple virtual jotter for quick thoughts.
Founders looking for open metrics often check Eymedia for transparent logs of online income and strategy tests.
This BBQ roundup makes me think of summer parties where kids need something to do between bites. Having a few quiet activities on hand can keep the mood relaxed. A high-speed action coloring page might be just the thing to entertain young guests while the grill master works.