သဘာဝသစ်သီးရေခဲချောင်း
- Mar 16, 2022
- 1 min read

မကြာခင်အချိန်ကာလများမှာဆိုရင် ပူအိုက်တဲ့နွေရာသီကာလကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ကိုက်စားလိုက်တာနဲ့ ရင်ထဲထိအေးမြသွားစေမဲ့ ရေခဲချောင်းလုပ်နည်းလေးကို ပြသပေးမှာြဖစ်ပါတယ်။ ကလေး၊ လူကြီးမရွေး စားသုံးလို့ရနိုင်အောင် သဘာဝသစ်သီးလေးတွေကို ထည့်သွင်းအသုံးပြုပြီး ချိုချိုချဉ်ချဉ်အရသာရှိတဲ့ သဘာဝသစ်သီးရေခဲချောင်းလေးတွေကို လုပ်ပြသွားမှာပါ။
သဘာဝသစ်သီးရေခဲချောင်း ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတအားလုံးကို City Mart Supermarket မှ ဝယ်ယူထားတာဖြစ်ပါတယ်ရှင်။
သဘာဝသစ်သီးရေခဲချောင်း ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို အရင်ဆုံးပြောပြပေးပါမယ်။
TIPCO 100% JUICE ORANGE 1Ltr - ၁ ဗူး
စတော်ဘယ်ရီသီး - မိမိစိတ်ကြိုက်ပမာဏ
ကီဝီသီး - မိမိစိတ်ကြိုက်ပမာဏ
စတော်ဘယ်ရီသီးကို မထူမပါးအစိတ်လေးတွေလှီးထားကာ၊ ကီဝီသီးကိုတော့ မထူမပါးအဝိုင်းကွင်းလေးတွေ လှီးထားပါမယ်။

အသုံးပြုမဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို အဆင့်သင့်ပြင်ဆင်ပြီးပြီဆိုတော့ ရေခဲချောင်းလေးတွေကို စလုပ်လိုက်ကြရအောင်။ အရင်ဆုံး ကိုယ်အသုံးပြုမဲ့ရေခဲချောင်းပုံစံခွက်ထဲကို လှီးထားတဲ့အသီးတွေကို မိမိစိတ်ကြိုက် သင့်တော်သလောက်ပမာဏ ထည့်ပါမယ်။

ရေခဲချောင်းခွက်ထဲကို အသီးတွေထည့်ပြီးပြီဆိုရင်တော့ TIPCO 100% JUICE ORANGE ကို လောင်းထည့်ပါမယ်။ လိမ္မော်သီးဖတ်လေးတွေပါအောင် သေချာလေးလှုပ်ပြီးထည့်ပေးရပါမယ်နော်။ ဒီနေရာမှာ အချိုဘက်ကဲတဲ့အရသာကိုစားချင်တယ်ဆိုရင်တော့ သကြားရည်ကို မိမိစိတ်ကြိုက်ပမာဏ လိုသလောက်ထည့်သုံးနိုင်ပါတယ်။ အခုကတော့ အသီးတွေရဲ့ သဘာဝအရသာကိုပဲ စားသုံးချင်တဲ့အတွက်ကြောင့် သကြားရည်ကို အသုံးမပြုထားပါဘူး။ ပြီးရင်တော့ ရေခဲသေတ္တာရဲ့ အခဲကန့်ထဲမှာ ၆နာရီလောက်ခဲထားပေးရပါမယ်။

ကဲ အခုဆိုရင်တော့ အနံ့လေးမွှေးပြီး ချိုချဉ်အရသာလေးနဲ့ စားလို့လည်းအရမ်းကောင်းတဲ့ သဘာဝသစ်သီးရေခဲချောင်းလေးတွေကို ရရှိပြီဖြစ်ပါတယ်။ လိမ္မော်ရည်ကို အသုံပြုပြီးလုပ်ထားတာြဖစ်တဲ့အတွက် ချိုချဉ်အရသာလေးနဲ့ တစ်ကိုက်စားလိုက်တာနဲ့တင် လန်းဆန်းသွားပြီး အမောပြေစေပါတယ်။ ရေခဲချောင်းထဲမှာထည့်သွင်းသုံးထားတဲ ကီဝီသီးနဲ့ စတော်ဘယ်ရီသီးရဲ့ သဘာဝချိုချဉ်အရသာလေးကိုလည်း ခံစားရစေပြီး ခံတွင်းကိုရှင်းစေပါတယ်။ ကလေးတွေပါမက လူကြီးတွေပါအကြိုက်တွေ့စေပြီး ပြုလုပ်ရတာလည်း အရမ်းကိုလွယ်ကူတဲ့ ဒီသဘာဝသစ်သီးရေခဲချောင်းလေးကို မိမိတို့အိမ်မှာ ကိုယ်တိုင်လိုက်လုပ်စားကြည့်ကြဖို့ အကြံပေးပါရစေနော်။




https://www.cbvfans.com/single-post/2017/03/16/istanbul-metro
Really thoughtful piece — you can tell it comes from real experience, not just theory. I've found the same thing in practice, so it was reassuring to see it spelled out here. Some extra examples and notes live over at https://ubeswaps.com if you'd like to keep exploring.